sponsor

sponsor

Slider

Recent Tube

Business

Technology

Life & style

Games

Sports

Fashion

» » » နိုင်ငံတကာအဆင့် မမီနိုင်သေးလျှင် လည်း နိုင်ငံ့ ဂုဏ်ဆောင် မန္တလေးလေဆိပ် ဖြစ်စေ လို

ပြည်တွင်းသတင်း — မန္တလေး၊ ဧပြီ ၁၊ ၂ဝ၁၃
နိုင်ငံတကာ အဆင့်မီမဖြစ်နိုင် လျှင်လည်း နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်မည့် အဆင့်အတန်းမြင့် လေဆိပ်တစ်ခု ဖြစ်နိုင် ရန် မြန်မာအစိုးရ တာဝန်ရှိသူ များက ဘက်စုံကြိုးပမ်းဆောင်ရွက် သင့်သည်ဟု မတ်လ ၃၁ ရက်က ပြည်တွင်းလေကြောင်း ခရီးစဉ်အသုံး ပြုသူခရီးသည်တစ်ဦးက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အားနည်းချက် များနှင့် ပတ်သက် ၍ ထောက်ပြ ဝေဖန်သည်။
“ကျွန်မတို့က လေကြောင်းခရီးနဲ့ မကြာခဏ ခရီးသွားရပါတယ်။ ဒါလေး ပျက်စီးနေတာမြင်နေရတာ အတော်ကြာ နေပါပြီ။ အခုထိမပြင်ကြသေးတာကို အံ့ဩတာပါ။

အပြည် ပြည်ဆိုင်ရာလေဆိပ်ဆိုပြီး နိုင်ငံတကာကို ချပြရတာ မျက်နှာပူစရာကြီးပါ” ဟု မန္တလေးမှတစ်ဆင့် ခရီးသွားဧည့်သည်တစ်ဦးက မြန်မာ အင်ဒီပဲန်ဒင့် သို့ ပြောသည်။
လေဆိပ် အဆောက်အအုံ အတွင်းပိုင်း အခြေအနေနှင့်ပတ်သက်၍လည်း သန့်စင်ခန်းအတွင်း သန့်ရှင်းသပ်ရပ် မှု နည်းနေသေးကြောင်းနှင့် အထူးသဖြင့် ဧည့်သည် နားနေခန်း အတွင်း အအေးပေးစနစ် ကောင်းမွန်စွာ မထား ရှိနိုင်ခြင်းဖြင့် ပတ်သက်ပြီး အဆိုပါခရီးသည်က ပြင်းထန်စွာ ရှုတ်ချသည်။
“အဲယားကွန်း ဖွင့်မထားဘူးလို့ ယူဆပါတယ်။ ဒီလိုအခန်းထဲမှာ အဲယားကွန်းမရှိတာဟာ အင်မတန် ရှက်စရာ ကောင်းပါတယ်။ အဲယားကွန်း ရှိလား၊ ဖွင့်ထားလားလို့ ဆိုင်ရာတွေ ကိုမေးကြည့်တော့ အဲယားကွန်း လွှတ်ထားတယ် လို့ ပြောတယ်။ မန္တလေးလေဆိပ်ရဲ့ နားနေခန်းမှာ အမြဲတမ်း ပူလောင်နေတယ်ဆိုတာ ခရီးသည်တိုင်း သိတယ်”ဟု ယင်းက ဆက်လက်ပြောသည်။
ပြည်တွင်းပြည်ပခရီးသွားများပြား လှသည့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြင်ပိုင်းကြည့်လျှင် ခန့်ညား ထည်ဝါသော်လည်း အဆောက်အအုံ အတွင်းပိုင်း ပျက်စီးမှုတချို့နှင့် အအေးပေးစနစ် ချို့ယွင်း အားနည်းချက် များကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ အကြား မျက်နှာပန်းမလှဖြစ်နေရ သည်ဟု ခရီးသွား တချို့က ပြောဆို နေကြကြောင်းကိုလည်း နောက်ထပ် ခရီးသည်တစ်ဦးက ဝင်ရောက်ပြောဆို သည်။
လေ့လာရေးခရီးထွက်လာသည့် ထိုင်းခရီးသွားတစ်စုတို့ကလည်း စကားပြန်မှတစ်ဆင့် ပြောရာတွင် ရန်ကုန် လေဆိပ်နှင့်ပင် မတူကြောင်း၊ မန္တလေးလေဆိပ်အတွင်းရှိ အအေးပေးမှု စနစ်မှာ အလွန်ညံ့ဖျင်းကြောင်း နှင့် အထူးသဖြင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စေရန် အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ လေဆိပ် တာဝန်ရှိသူ ပို့ဆောင်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးအား မြန်မာ အင်ဒီပဲန်ဒင့်က မေးမြန်းကြည့်ရာတွင် အအေးပေးစနစ် တပ်ဆင် ထားကြောင်း၊ တစ်ခန်းလုံးကိုလည်း အအေးပေး စနစ်ဖြန့်လွှတ်ထားကြောင်းနှင့် လိုအပ်သည့် အအေးဓာတ် ပမာဏ မရရှိခြင်း မှာ အဆောက်အအုံ ဖွဲ့စည်း တည် ဆောက်ပုံကြောင့် ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ပြန်လည်ဖြေ ကြားသည်။
အဆိုပါလေဆိပ် အဆောက်အအုံ တည်ဆောက်ထားပုံမှာ အထူးသဖြင့် ခရီးသည်နားနေခန်းနှင့် ပင်မအဝင် အထွက် ပြုလုပ်ရာ အခန်းကျယ် တွင် ပြင်ပ အလင်းရောင် ကောင်းမွန်စွာ ရရှိ နိုင်ရေးအတွက် ကောင်းကင်အလင်း တိုက်ရိုက်ယူဆောင်သည့် မှန်အမိုး ကာစနစ်ဖြင့် တည်ဆောက် ထားခြင်း ကြောင့် အပူဒဏ် ခံနေရခြင်းဖြစ်မည် ဟုလည်း ခရီးသွားအများစုက သုံး သပ်ဝေဖန်သည်။
“ဆောက်ထားတဲ့ ဖွဲ့စည်းပုံကိုက ကိုးလို့ကန့်လန့် နိုင်ပါတယ်။ အလင်းက တိုက်ရိုက်ကျပြီး အအေးမပေး နိုင်တော့ လူတွေကို ပြုတ်ထားသလို ဖြစ်နေတာပေါ့” ဟု ထိုင်းခရီးသွား တစ်ဦးက စကားပြန်မှတစ်ဆင့် သူ၏ အမြင်ကိုပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီဟု ဆိုကာ တည်ဆောက်ထားသော အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး နှစ်ခုရှိပြီး ယခုအခါတွင် မန္တလေး အပြည်ပြည်ဆိုင် ရာလေဆိပ်ကြီးအား လည်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်း တော့မည်ဖြစ်ကြောင်းနှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် ကုမ္ပဏီ ၁၆ ခု လျှောက်ထားရာမှ ၇ ခုအား ပဏာမရွေးချယ်ထားပြီး ထိုအထဲကမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကုမ္ပဏီတစ်ခုအား လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပြီး ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူ၏ ပြောပြချက် အရ သိရသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အာဆီယံဆီးဂိမ်းအမီ နိုင်ငံတကာ အဝင်အထွက် ဆိုက်ရောက်ဗီဇာ ပေးအပ် ထားသည့် နိုင်ငံ ပေါင်း ၄၉ နိုင်ငံရှိကြောင်းနှင့် ယခုနှစ် ဇူလိုင်လအတွင်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်း နိုင်ရန် စီစဉ်နေကြောင်း သိရှိသည်။

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply