တိုင်းရင်းသားသတင်း၊ သတင်းမှတ်တမ်းများ
ဗေဒါလူမှု အဖွဲ့အစည်းအဖွဲ့၏ စီစဉ်မှုဖြင့် မတူညီသော တိုင်းရင်းသား ပါတီများ၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းခေါင်းဆောင်များ အလွတ်သဘော ဆွေးနွေးပွဲတွင် ကွန်ရက် ချိတ်ဆက် တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။ [...]
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကြေးနီ သတ္တု တူးဖော် စီမံကိန်းအား North Mining Co.Ltd မှ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လတွင် စတင် တူးဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ တူးဖော်သည့် ကာလမှစတင်၍ ချင်း ပြည်နယ် အစိုးရ အဖွဲ့သို့ ပေးသွင်းမည့် တစ်နှစ်လျှင် ထုတ်လုပ်ရရှိသော အကျိုး အမြတ်၏ ရာခိုင်နှုန်း အလိုက် ခွဲဝေမှု သည် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သလို၊ [...]
ရှေ့နေ ဦးအောင်သိန်းက သဘောထား မှတ်ချက် ပေး ရာတွင် “မငြိမ်းချမ်းသေး လို့ ငြိမ်းချမ်းရေးကို ပါဖောင်မန့် တစ်ခုအဖြစ်လုပ်တာပါ”ဟု ဆိုပြီး လူထုမှာ စစ်၏ ခါးသီးမှုဒဏ်ကို ခါးစည်းခံ ရကြောင်း၊ စစ်မဖြစ်သည့် နိုင်ငံသည် စစ်သားကောင်း မရှိသည့် နိုင်ငံ ဆိုသည်ကို လက်ခံရမှာ ဖြစ်ကြောင်း၊ စစ်သားဆိုလျှင် ၁၉၅ဝ ခုနှစ်က မိမိတို့ငေးကြည့်ရကြောင်း၊ အရပ်ထဲမှာ လမ်းသလား သော စစ်ဗိုလ်စစ်သားများ မဟုတ်ကြောင်းဆိုပါသည်။ [...]
ဓနု တိုင်းရင်းသားတို့၏ ဆုံစည်းရာနေ့အား ဓနုလူမျိုး ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊ ဓနုကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဥက္ကဋ္ဌ ဦးထူးကိုကိုတို့က ဓနုတိုင်း ရင်းသားများအတွက် အမှာစကား ပြောကြားခဲ့သည်။ [...]
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား များနှင့် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီများ ပဋိပက္ခအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား ကပါ လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု စွပ်စွဲပုတ်ခတ်မှုများသည် မဖြစ်သင့်ကြောင်းနှင့် လူတိုင်းတွင် လူ့အခွင့်အရေးရှိသလို နိုင်ငံ တစ်နိုင်ငံတွင်လည်း အချုပ်အခြာအာဏာ ဆိုတာ ရှိခြင်းကြောင့် မြန်မာနိုင်ငံအား ထိုကိစ္စနှင့်ပတ်သက်၍ လက်ညှိုးမထိုး သင့်ကြောင်း ဂျပန်နိုင်ငံ၊ ကန်ဒါ တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက [...]
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၈ ရက်က တောင်ကြီးတွင် အကြို ဆွေးနွေးခဲ့သော ရှမ်း/ကယား ဆွေး နွေးပွဲအား ရှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့တွင် မတ် ၂ဝ ရက် မှ ၂၂ ရက် ထိ ၃ ရက်တိုင် ကျင်းပမည် ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ (တောင်ကြီး) ဦးစိုင်းခင်မောင်ညွန့်(ခ) စိုင်းခမ်းပိုင်ဖ ၏ [...]
“နာဂ တိုင်းရင်းသားတွေဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စု ၅၃ စုထဲမှာ တစ်ခု အပါအဝင်ဖြစ်တယ် လို့ မြန်မာ့ လွှတ်တော် တွင်းမှာ ပြန်လည် ဖြေကြား ခဲ့တာဟာ လုံးဝလက်ခံနိုင် စရာမရှိပါဘူး” ဟု စာတမ်းတွင် အခိုင်အမာ ဖော်ပြထားသည်။ “အခြေအမြစ်မရှိ လက်သင့်မခံနိုင်တဲ့အပြင် ယုတ္တိမတန်တဲ့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးရဲ့ ပြန်ကြားချက်ဟာ အမျိုးသား ညီညွတ်ရေးနဲ့ ပြန်လည်ရင် ကြားစေ့ရေး [...]







No comments: