sponsor

sponsor

Slider

Recent Tube

Business

Technology

Life & style

Games

Sports

Fashion

» » » လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးဆွေးနွေးပွဲ စတင်

တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ဒီကနေ့ မနက် ၉ နာရီခွဲမှာ စတင်ပြီး တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (မူကြမ်း)ကို စတင်ဆွေးနွေးကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးဟာ မတ်လ ၃၁ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (ယူပီဒဗလျူ) စီတို့ ပူးတွဲရေးဆွဲခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချက် (မူကြမ်း) နဲ့ပတ်သက်လို့ အတည်ပြု၊ မပြုဆုံးဖြတ် ကြမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်တွေက ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံ တက်ရောက်ကြသလို ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန်တို့လည်း တက်ရောက်ကြပါတယ်။

အိမ်ရှင် ကေအဲန်ယူအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက သဘာပတိအဖွင့်မိန့်ခွန်းမှာ ဒီအစည်းအဝေးပွဲဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး အခင်းအကျင်းတွေအတွက် အင်မတန်အရေးကြီးပြီး တိုင်းရင်းသားတွေရဲ့ အနာဂတ်နိုင်ငံရေး အခင်းအကျင်းကို အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးအဖြစ် ယုံကြည်ကြောင်း ပြောပါတယ်။
ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက “နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ခိုက်ပြီး ပြဿ နာဖြေရှင်းရာကနေ တွေ့ဆုံဆွေးနွေးပြီး ပြဿ နာဖြေရှင်းရေး လမ်းကြောင်းဆီသို့ လက်မှတ်ရေးထိုးပြီး ပြောင်းလဲ လိုက်တယ်လို့ပဲ ရိုးရိုးလေးနားလည်ကြောင်း” ပြောကြားပါတယ်။

သူက ‘အန်စီစီတီခေါင်းဆောင်များအနေနဲ့ ဒီစာချုပ်ကို ရဲရဲတင်းတင်းလက်မှတ်ရေးထိုးကြပြီး ဆက်လက်ဆွေးနွေးကြရမယ့် ဆွေးနွေးပွဲပေါင်းစုံမှာ စားပွဲခုံတိုက်ပွဲဝင်ကြဖို့ပဲဖြစ်ပါတယ်” လို့ တိုက်တွန်းသလို နောက်တချက်အနေနဲ့ ‘ရတာအရင်ယူပြီး အားလုံးအကျိုးအတွက် သံန္နိဌာန်ချပြီး တိုးတက်ကောင်းမွန်အောင် ညှိနှိုင်းလုပ်ဆောင်သွားမှာလား။ ဘာမှ မယူပဲ လက်လွတ်ဆုံးရှုံး ခံမှာလားဆိုတာ စဉ်းစားဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 

ဒီစာချုပ်ဟာ တိုက်ပွဲတွေရပ်ပြီး ဆက်လက်ညှိနှိုင်းဆွေးနွေးကြရအောင်” ဆိုတဲ့အခြေခံနဲ့ သဘောတူထားချက်သာဖြစ်ပြီး မိမိတို့ရည်မှန်းချက်တွေ အပြည့်အ၀ရမယ်လို့ မမျှော်မှန်းကြဖို့ လည်း သူက သတိပေးပြောကြားခဲ့ပါတယ်။ 

ဒီထိပ်သီးအစည်းအဝေးကို တက်ရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်း က “၉ နာရီခွဲမှာ စတယ်။ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အသီးသီးက မိတ်ဆက်ကြတယ်။ သ၀ဏ်လွှာတွေ ဖတ်ကြတယ်။ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)နဲ့ ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့)က ပို့တဲ့သဏ်လွှာဖတ်တယ်။ အကြံပြုစာ တစောင်ဖတ်တယ်။ သဘာပတိမိန့်ခွန်းပြောတယ်။ ပြီးတော့ ယူအန်က ကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားပြောတယ်။ သူက ဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ကျေနပ်အားရမှုရှိတယ်၊ ဆက်ပြီးတော့ လုပ်ရဦးမယ်ပေါ့နော်။ ပြီးတော့ တရုတ်ကိုယ်စားလှယ်ပြောတာကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အားလုံးကို သူက ကူညီပေးမယ်။ ဆက်လုပ်ပေါ့နော်။ လက်ရှိမှာလည်း အားရကျေနပ်မှု ရှိပါတယ်လို့ ပြောသွားတယ်။ ဒီကနေ့အစည်းအဝေးက အန်စီစီက ရလာတဲ့ ရလဒ်ကို ချပြမယ်။ အဲဒါကို ၀ိုင်းပြီးဆွေးနွေးကြမယ်” လို့ ပြောပါတယ်။

၈၈ မျိုးဆက် (ငြိမ်း/ပွင့်)နဲ့ ယူအန်အေရဲ့ သ၀ဏ်လွှာမှာ “အပစ်အခတ် ရပ်ဆဲရေးစာချုပ် မူကြမ်းအပေါ် သုံးသပ်အတည်ပြုရာ၌ မိမိတို့၏ စုစည်းညီညွှတ်မှုအင်အားကို မပြိုကွဲစေဘဲ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ဆင့်ကဲနိုင်ငံရေးလုပ်ငန်းစဉ်များကို ကျော်ဖြတ်နိုင်ပါစေ ကြောင်း” သတိပေးထားပါတယ်။

အပစ်အခတ်ရပ်ဆဲရေးစာချုပ် ချုပ်ဆိုခြင်း၊ နိုင်ငံရေးမူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ ထိုမှတဆင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းစသည့် ဆင့်ကဲလုပ်ငန်းစဉ်များကို မူအရအငြင်းပွားစရာမရှိဘဲ ထိုအဆင့်သို့ရောက်ရှိရန်မှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအကြား စုစည်းညီညွှတ်မှုရှိစွာဖြင့် ဆုံးဖြတ်ချက်များ မကွဲလွဲစေဘဲ ဆက်လက်ချီတက်ရန်သာ ကျွန်ုပ်တို့ လိုလားတယ်လို့ ပါရှိပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်(မူကြမ်း)ကို အစိုးရဘက်က ပြင်ဆင်စရာမရှိဘူးလို့ ထုတ်ပြောထားပြီး လက်မှတ်ထိုးမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ထိုးတဲ့အခါ တအာင်းပလောင် တပ်မတော်၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ကို အစိုးရဘက်က ထည့်သွင်း လက်မှတ်ရေးထိုးရေးကို မလိုလားဘဲ တိုင်းရင်းသားတွေဘက်က ဘယ်အဖွဲ့ကိုမှ မချန်ဘဲ လက်မှတ်ထိုးလိုကြောင်း အသီးသီးထုတ်ပြောထားကြပါတယ်။

လော်ခီးလာ ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply